Wednesday 10 November 2010

နေစကြာဝဠာရဲ့ မူလ ဇာတိ။

Milky Way မီးလ်ကီးဝေး (နွားနို့ရောင် ကြယ်စုကြီး) ဂလက်စီ လို့ပြောလိုက်ရင် ကျွန်ပ်တို့ ကမ္ဘာတည်ရှိရာ နေစကြာဝဠာ ပါဝင် တဲ့ ဂလက်စီစုလို့ အားလုံးက ပြောကြမှာပါ။ ဒါပေမယ့် တကယ်တမ်း နေစကြာဝဠာကို ပိုင်တဲ့ ဂလက်စီ ကြယ်စု ဟာ Milky Way မဟုတ်ပဲ Sagittarius Dwarf လို့ခေါ်တဲ့ ဂလက်စီစု (မြန်မာလို ဆိုယင် ဓနုရာသီ ကြယ်စုလေး) ဆိုရင် အံ့သြကြ မှာလား။


Sagittarius Dwarf Galaxy ကို Milky Way ရဲ့ အနီးဆုံးအိမ်နီးချင်း ဂလက်စီအဖြစ် ၁၉၉၄ ခုနှစ် များလောက်က Rodrigo Ibata, Mike Irwin, နဲ့ Gerry Gilmore, တို့က တွေ့ရှိခဲ့တာပါ။ မက်ဆာချူးဆက် တက္ကသိုလ် (University of Massachusetts) နဲ့ ဗာဂျီးနီးယား (University of Virginia) က ဦးစီးပြုလုပ်တဲ့ 2MASS (Two-Micron All Sky Survey) အဖွဲ့ရဲ့ တွေ့ရှိချက်တွေ အရ နေစကြာဝဠာ (Solar System) ဟာ Sagittarius Dwarf Galaxy ရဲ့ အစိတ်အပိုင်း ဖြစ်နိုင် ပါတယ်တဲ့။ ဒီအဖွဲ့ ကပဲ Sagittarius Dwarf Galaxy ရဲ့ ပြီးပြည့်စုံတဲ့ ပုံပန်းသဏ္ဍာန်ကို Astrophysical ဂျာနယ်မှာ ၂၀၀၃ လောက်က ဖော်ပြခဲ့ပါတယ်။ ဒီဂလက်စီရဲ့ အပိုင်းအစတွေဟာ Milky Way ရဲ့ ဘေးပတ်လည်မှာ လည်ပတ်လျက်ရှိပြီး
ဒီအပိုင်းအစတွေဟာ ကမ္ဘာကြီးနဲ့ အတော်လေး ဆင်တူတာကို အံ့သြဖွယ်တွေ့ခဲ့ရပါတယ်။ Steven Majewski, Michael Skrutskie, and Martin Weinberg တို့ ဦးဆောင်တဲ့ ဒီအဖွဲ့ ဟာ အာကာသသိပ္ပံပညာရှင်တွေ နှစ်ပေါင်း များစွာ ပဟေဠိ ဖြစ်နေတဲ့ အချက်တွေကို အဖြေထုတ်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေအရ Milky Way Galaxy ဟာ သူ့ထက်ငယ်တဲ့ အိမ်နီးချင်း ဂလက်စီတွေကို ၀ါးမြိုလေ့ရှိပါတယ်တဲ့။

Sagittarius Dwarf Galaxy ဟာ Milky Way ထက် အဆပေါင်း 10,000 လောက်သေးငယ်တာ ဖြစ်တဲ့အတွက် Milky Way ရဲ့ ဆွဲငင်အားကို မတွန်းလှန်နိုင်ပဲ ၀ါးမြိုခံရတာ မထူးဆန်းပါဘူးတဲ့။ Milky Way Galaxy ဟာ အရွယ်ငယ်တဲ့ အိမ်နီးချင်း ဂလက်စီတွေကို သူ့ဆွဲငင်အားအောက် ကို ဆွဲယူလေ့ရှိပါတယ်တဲ့။

“လူတွေမှာ သာမန်ထက် စူးရှတဲ့မျက်လုံးတွေသာရှိမယ်ဆိုရင် Sagittarius ဂလက်စီဟာ ကျွန်ုပ်တို့ ရဲ့ ကောင်းကင်ထက်မှာ ပြန့်ကျဲနေတာကိုတွေ့ရမှာပါ။ ဒါပေမယ့် လူတွေရဲ့ မျက်စိထဲမှာ ဒီဂလက်စီရဲ့ အပိုင်းအစတွေ ဟာ အခြားသော ကြယ်စုများအကြား ပျောက်ကွယ်လို့နေပါတယ်။” လို့ ဒီကြေညာချက်ကို ဦးဆောင်ရေးသားတဲ့ Steven Majewski ကပြောကြားခဲ့ပါတယ်။
ဒီအဖွဲ့ဟာ မျက်မှန်းကောင်းကင် မြေပုံကို အသုံးပြုပြီး M Giant လို့ခေါ်တဲ့ ကြယ်ကြီးတွေကို အခြားသော ကြယ်တွေက နေ ခွဲထုတ်နိုင်ခဲ့ပါတယ်။ ဒီ M Giant လို ကြယ်မျိုးတွေဟာ Sagittarius Dwarf ဂလက်စီမှာ အများကြီးရှိပါတယ်။ ဒါပေမယ့် Milky Way Galaxy မှာတော့ ဒီလိုကြယ်ကြီး တွေဟာ ပုံမှန်အားဖြင့်ရှိလေ့မရှိပါဘူး။ 2MASS ရဲ့ ဒီမျက်မှန်းမြေပုံဟာ Milky Way က Sagittarius Dwarf ရဲ့ ကြယ်စုတွေကို ဘယ်လို ၀ါးမြိုခဲ့တယ်ဆိုတာရယ် Sagittarius Dwarf ရဲ့ ကြယ်စုတွေဟာ ခုဆိုရင် Milky Way ရဲ့ ဘေးပတ်လည်မှာ ဘယ်လို ၀န်းရံ လည်ပတ် နေတယ်ဆိုတာကို ဖော်ထုတ် ခဲ့ပါတယ်။

ဒီ့မတိုင်ခင်မှာတော့ အချို့သော အာကာသ သိပ္ပံပညာရှင် တွေဟာ Sagittarius ရဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ အချို့သော အစိတ်အပိုင်း တွေကိုတွေ့ခဲ့ကြပါတယ်။ ၁၉၉၄ ခုနှစ်များ မတိုင်မီက ဆိုရင် Sagittarius Dwarf ဂလက်ဆီရှိမှန်းတောင်မသိခဲ့ကြပါဘူး။
ကောင်းကင်မှာ Milky Way Galaxy ရဲ့ တည်ရှိနေတဲ့ အနေအထားဟာ အာကာသသိပ္ပံ ပညာရှင်တွေကို အမြဲတမ်း ပဟေဠိဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် Matthew Perkins Erwin, ရဲ့ တွေ့ရှိချက်အရ နေအဖွဲ့ အစည်းဟာ Milky Way နဲ့ တည်နေရာ ထောင့် အနေအထားတွေလွဲနေရခြင်းဟာ အခြားသော အဖွဲ့ အစည်းတစ်ခုခုရဲ့ ပါဝင် ပတ်သက်မှုကြောင့်ဖြစ်ဖို့များပါတယ်တဲ့။ ခုတော့ဒီ 2MASS အဖွဲ့ ရဲ့ အချက်အလက်တွေအရ အဲဒီ အခြားသော အဖွဲ့ အစည်းဟာ Sagittarius Dwarf Galaxy ဖြစ်ဖို့များပါတယ်တဲ့။ ဒါကြောင့် နေကျွန်ုပ်တို့ရဲ့ နေအဖွဲ့ အစည်းဟာ Sagittarius Dwarf Galaxy ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ဖို့များပါတယ်။
အကယ်လို့သာ နေအဖွဲအစည်းဟာ Milky Way ရဲ့ အပိုင်သာဆိုရင် နေအဖွဲ့အစည်းမှာ ရှိတဲ့ ဂြိုလ်တွေ အနေအထား ဟာ တစ်တန်းထဲ အတူတူရှိကြသလို နေအဖွဲအစည်းနဲ့ Milky Way ရဲ့ တည်နေရာအနေအထားက လဲတစ်တန်း ထဲရှိရမှာပါ။

“Sagittarius Dwarf Galaxy ရဲ့ ပထမဆုံးသော ကောင်းကင်မြေပုံမှာ ဒီဂလက်ဆီနဲ့ Milky Way Galaxy ရဲ့ သိပ်သည်းစွာ ၀င်ရောက် ယှက်နွယ်နေမှုကို တွေ့ရှိခဲ့ပါတယ်။ ဂလက်စီရဲ့ ကြယ်ကြီးတွေနဲ့ ကြယ်စုတွေ ဟာ အခုဆိုရင် Milky Way ရဲ့ အပြင်ဘက်မှာ Milky Way ရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ လှည့်ပတ်လျက်ရှိနေပါတယ်။ Sagittarius Dwarf ဟာ Milky Way ရဲ့ ဒြပ်ဆွဲအားအောက်မှာ အစိတ်စိတ် ကွဲပျက်ခဲ့ရတာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် Milky Way ဟာ သူ့ အိမ်နီးချင်းတွေကို ၀ါးမြိုရင်း တစ်ဖြည်းဖြည်း ကြီးလာနေတယ် ဆိုတာကိုတွေ့ရပါတယ်”
 လို့ Majewski ကပြောခဲ့ပါတယ်။
ကမ္ဘာကနေ အလင်းနှစ် ၂ သန်းလောက်ရှိတဲ့ ဒီ M Giants ကြယ်ကြီးတွေကို လေ့လာခြင်းအားဖြင့် Sagittarius Dwarf Galaxy ဟာ သက်တမ်းကုန်ဆုံးတော့မယ်ဆိုတာ သိနိုင်ပါတယ်။ Milky Way ရဲ့ ဆွဲအားအောက်ကို ရောက်ရှိသွားပြီးတဲ့နောက်မှာ Sagittarius ဟာ သူ့ဘာသာ ဆက်လက် ရပ်တည်နိုင်စွမ်း မရှိတော့ပဲ သက်တမ်းကုန်ဆုံးခါနီးနေပါပြီလို့ 2 MASS အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Martin Weinberg က ပြောကြားခဲ့ပါတယ်။
ဒါဆိုရင် ဒီအခြေအနေဟာ ကျွန်ုပ်တို့ ဂလက်စီ စုရဲ့ အရေးကြီးတဲ့ သက်တမ်း တစ်ခုကိုရောက်နေပြီလားလို့ မေးစရာရှိလာပါတယ်။ အဖြေက တော့ ဟုတ်ချင်လဲဟုတ်မယ် မဟုတ်ချင်လဲ မဟုတ်ပါဘူး။ Majewski ရဲ့ အယူအဆအရတော့ အာကာသ သိပ္ပံပညာရှင်တွေ ဟာ ကျွန်ုပ်တို့ အားလုံး အရေးကြီးတဲ့ အခြေအနေမှာကော အချိန်အခါမှာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးလို့ ယူဆ ရတာကို သဘောတွေ့ပါတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၄ သန်း ကတည်းက စလို့ သမိုင်းကိုပြန်ကြည့် ကြည့်ကြမယ်ဆိုရင် Milky Way Galaxy ဟာ အခြားသော ဂလက်စီစု တွေကိုလဲ ၀ါးမြိုခဲ့မှာ ဖြစ်တဲ့အတွက် Sagittarius ရဲ့ သက်တမ်း ကုန်ဆုံးခြင်းလို ကိစ္စဟာ သူ့အတွက် အထူးအဆန်း မဟုတ်လောက်ပါဘူးတဲ့။
Sagittarius Dwarf Galaxy ရဲ့ အပိုင်းအစတွေ ကိုလေ့လာရင်း မထင်မှတ်ပဲ Milky Way Galaxy ထဲမှာရှိနေတဲ့ အမှောင်စွမ်းအားထု (Dark Matter) ကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ “ဒီလိုတွေ့ရှိမှုက အမှောင် စွမ်းအားထု အကြောင်းကို ပိုမိုသိရှိစေဖို့ အခွင့်အရေးဖြစ်လာပါတယ်။ ကျွန်ုပ်တို့ရဲ့ ဂလက်စီက ပဲ ပုံမှန်မဟုတ်တာလား ဒီအမှောင် စွမ်းအားထုရဲ့ ဆွဲအားကပဲ ထင်ထား တာထက်ကြီးနေတာလား ဆိုတာက လေ့လာနိုင်ပါတော့မယ်” လို့ Spergal ကပြောခဲ့ပါတယ်။
နေအဖွဲ့ အစည်းဟာ Sagittarius Dwarf Galaxy အပိုင်ဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့ နောက်ထပ် အားဖြည့်ပေးတဲ့ ယူဆချက် နှစ်ခုကတော့ -
ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းနဲ့ Mayan ပြက္ခဒိန် ရပ်တန့်သွားရခြင်းပါပဲ။

  • Milky Way Galaxy ရဲ့ ဒြပ်ထုဆွဲအားဟာ Sagittarius ထက် အထ ပေါင်းများစွာများတာကြောင့် နေရဲ့ အပူစွမ်းအင်ထုတ်လွှင့်မှုကို ပိုကဲလာစေမှာ အမှန်ပါပဲ။ ဒါကြောင့် နေဟာ အရင်အခြေအနေထက်စာရင် ပိုမိုပူပြင်းလာတာဖြစ်လို့ ကမ္ဘာကြီးပိုပူလာရတာပါတဲ့။
  • Milky Way Galaxy ရဲ့ ဒြပ်ထုဆွဲအားအောက် ရောက်သွားပြီးတဲ့နောက် Mayan ပြက္ခဒိန် အခြေပြု တွက်ချက်ရာဖြစ်တဲ့ Pleiades star ကို အရင်တုန်းက မြင်ရတဲ့ အနေအထားအတိုင်း ပုံသေ မြင်ရတော့မှာ မဟုတ်ပဲ အနေအထား ပြောင်းသွားနိုင်ဖွယ်ရှိတဲ့အတွက် Mayan ပြက္ခဒိန်အဆုံးသတ်ရခြင်း ဖြစ်နိုင်ပါတယ်တဲ့။
ဒီလို ဂလက်စီနှစ်ခု ပေါင်းစီးသွားခြင်းကြောင့် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ စကြာဝဠာအတွင်းက အခြားသော အပြောင်းအလဲများအနေနဲ့ ကတော့
  • Pluto ဂြိုလ်ပေါ်က အမည်းစက်လေးတွေ ကြီးထွားလာရခြင်း
  • Saturn (စနေဂြိုလ်) ရဲ့ အရောင်အ၀ါပြောင်းလဲလာမှု
  • Uranus ဂြိုလ် နဲ့ Pluto ဂြိုလ် တို့ရဲ့ ၀င်ရိုးစွန်းများပြောင်းလဲလာမှု (သူတို့ ဟာ သံလိုက်ဓာတ်စွမ်းအင်ကြောင့် ပုံပြောင်းလေ့ရှိတဲ့ ဂြိုလ်များဖြစ်လို့ပါတဲ့) နဲ့ Uranus ဂြိုလ်ရဲ့ သံလိုက်စက်ကွင်း ရဲ့ သိပ်သည်းမှုရုတ်တရက် မြင့်တက်လာခြင်း
  • Neptune ဂြိုလ် ရဲ့ အလင်းသိပ်သည်းမှုနဲ့ ဂြိုလ်ပေါ်ရှိ အလင်းစက်များ မငြိမ်သက်မှု
  • Jupiter ဂြိုလ် ရဲ့ သံလိုက်စက်ကွင်း သိပ်သည်းမှုနှစ်ဆတိုးလာခြင်း (၁၉၉၂ ခုနှစ်က သတင်းအချက်အလက်များပေါ်အခြေခံပါတယ်) နဲ့ ၁၉၉၄ မှာ ဥက္ကာပျံ SL-9 (Comet SL-9) ကြောင့် ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲ အခြေအနေများ။
  • ဒီနောက်ဆက်တွဲ ဖြစ်ရပ်တွေထဲမှာ Jupiter ရဲ့ မျက်နှာပြင်ဟာ နေရဲ့ coronal holes တွေလို plasma တွေကို ထုတ်လွှင့်လာခြင်း ကြောင့် ရေဒီယိုလှိုင်းတွေ အရင်က ထက် ပိုမို တောက်ပလာခြင်း၊ Jupiter ရဲ့ လကြီးဖြစ်တဲ့ Io ရဲ့ လျှပ်စစ် ပတ်လမ်း အဖွဲ့အစည်း မှာ အရင်က နဲ့ မတူတဲ့ အရောင်အ၀ါတွေ ထွက်ပေါ်လာခြင်း တွေ ပါဝင်ပါတယ်။ 
  • Mars ရဲ့ လေထု ဟာ သတ္တ၀ါတွေ နေထိုင်နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ပြောင်းလဲလာခြင်း၊ အတိအကျပြောရရင် အီကွေတာ ပတ်ဝန်းကျင်မှာ တိမ်ထူထပ်လာခြင်း နဲ့ အိုဇုန်း စိမ့်ဝင်မှု အခြေအနေ အရင်က ထက် မြင့်တက်လာခြင်း
  • လရဲ့ မျက်နှာပြင်မှာရှိတဲ့ Natrium ဓာတ်ငွေ့ထု ရဲ့ ကြီးထွားလာမှုဟာ 9,000 ကီလိုမီတာ အမြင့်အထိ ရောက်ရှိလာခြင်း
  • Venus ဂြိုလ်ရဲ့ အသွင်သဏ္ဍန်၊ ဓာတုဖွဲစည်းမှုနဲ့ အမြင် အခြေအနေတွေ ပြောင်းလဲလာခြင်း၊ (အနက်နဲ့ အလင်းစက်လေးတွေ ပြန်ပြောင်း ပြောင်းလဲလာမှု ကို တွေ့ရှိရခြင်း နဲ့ လေထုမှာ ပါဝင်တဲ့ ဆာလဖာ ရဲ့ ပမာဏ ရုတ်တရက်လျော့ပါးလာခြင်း)
  • ဂြိုလ်များ အကြား၊ ဂြိုလ်များနဲ့ နေအကြား မှာရှိတဲ့ ကူးလူးဆက်သွယ်မှု (Interplanetary and Solar Planetary Transmitting Properties) တွေ အရင်ကထက် မြင့်တက်လာခြင်း ကြောင့် ဖြစ်ပေါ်လာတဲ့ ဂြိုလ်တွေနဲ့ အာကာသဟင်းလင်းပြင်အကြား (Interplanetary Space) ဆက်စပ်မှု အပြောင်းအလဲတွေ
ဂြိုလ်တွေ ကြား က ဖြစ်ပေါ်လာတဲ့ စွမ်းအင် အသစ်တွေနဲ့ ဒြပ်ထု တွေ အကြောင်းကို ပြောမယ်ဆိုရင် ဂြိုလ်တွေကြားက စွမ်းအင်ထုတ်လွှင့်မှု ရင်းမြစ်နဲ့ ဒြပ်ထု ပြန့်ကျဲမှုတွေက နေစရပါလိမ့်မယ်။ ဒီလိုပြောင်းလဲမှုတွေရဲ့ အဓိက ဇစ်မြစ်တွေ ကတော့ -
  • အာကာသ ကောင်းကင်ကြယ်စုကြီးတွေ ဆီက ရောက်ရှိလာတဲ့ ဒြပ်စင်တွေ (ရေဒီယိုလှိုင်းများပါတဲ့ ဒြပ်ပစ္စည်းတွေ၊ Ionized ဒြပ်စင်တွေ နဲ့ ဒြပ်ပေါင်းတွေ)
  • (မှတ်ချက်။ ။ ionized ဆိုတာ atom တစ်ခုကနေ electron တွေကို လွင့်စင်သွားစေခြင်း - တစ်နည်း atom ကနေ electron ခွဲထုတ်လိုက်လို့ ဆက်လက်တည်ရှိနေတဲ့ atom ရဲ့ အစိတ်အပိုင်း ions အဖြစ် ရပ်တည်စေတာပါ။ ions ဟာ complete atom မဟုတ်ပါ။ electron ဆုံးရှုံးလိုက်ရပြီးနောက် ဖြစ်ပေါ်လာတဲ့ လျှပ်စစ် စွမ်းအား + or - ရှိနေတဲ့ မော်လီကျူးတစ်ခုပါ။)
  • Solar Cycle 22 ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ -အထူးသဖြင့် Solar Coronal ဒြပ်ထု ကနေ သံလိုက်စွမ်းအင် ရှိတဲ့ Solar Plasmas တွေ လွင့်စင်လာမှု
  • (မှတ်ချက်။ ။ Solar Coronal - နေမျက်နှာပြင်မှာရှိတဲ့ တွင်းကြီးတွေကိုခေါ်တာပါ coronal ဆိုတာ သန္တာကျောက်တန်းတွေကို ခေါ်တာဖြစ်တာကြောင့် နေမျက်နှာပြင်ပေါ်က တွင်းတွေကလဲ သန္တာကျောက်တန်းတွေ သဏ္ဍန်ရှိတာကြောင့် Solar Coronal လို့ခေါ်တာပါ။
  • Solar Cycle 22 – 22 ကြိမ်မြောက် နေရဲ့ဖြစ်စဉ်ကိုဆိုလိုတာပါ။ 1755 ခုနှစ် နေပေါ်က အစက်အပြောက်တွေကို စတင်တွေ့ရှိချိန်က စတင်လို့ နေရဲ့ ဖြစ်စဉ်သက်တမ်းကိုတွက်လာတာ ၂၂ ကြိမ်မြောက် ကိုဆိုလိုတာပါ။ နေရဲ့ ဖြစ်စဉ်ဟာ ပုံမှန် 9.7 နှစ်ကြာလေ့ရှိပါတယ်။ ဒီ Solar cycle 22 ဟာ 19876 စက်တင်ဘာမှာစတင်ပြီး 1996 မေလမှာ အဆုံးသတ်ပါတယ်။ )
ခုဆိုရင် Sagittarius Dwarf Galaxy ရဲ့ ၀င်ရိုးဟာ သူ့ထက် အင်အားကြီးမားတဲ့ Milky Way Galaxy ရဲ့ အီကွေတာ အလယ်မှတ် (equatorial plane) နားရောက်လို့လာပါပြီ။
ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးဟာ ခုဆိုရင် Milky Way ရဲ့ ပိုမိုအင်အားကြီးမားတဲ့ စွမ်းအင် နဲ့ လျှပ်စစ် ဆွဲငင်အားအောက်ကို ရောက်တော့မှာပါ။ ဒီ Milky Way ဂလက်ဆီရဲ့ အင်အားကြီးတဲ့ ၀ဲဂယက် (Spiral Arm) ရဲ့ အလယ်မှတ်နားကိုရောက်နေပါပြီ။ ခုချိန်မှာ ကမ္ဘာကြီး ဟာ ဒီ အင်အားကြီးတဲ့ စနစ်ရဲ့ မွေးစားခြင်းကို ခံရတော့မှာ ဖြစ်တဲ့အတွက် စွမ်းအင်တွေ ဟာ ဘက်ပေါင်းစုံက နေ ပြောင်းလဲသွားနိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအပြောင်းအလဲမျိုးပဲဖြစ်ပါစေ၊ စကြာဝဠာ ဟာ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ပြန်လည်မွေးဖွားခြင်း စတာတွေရဲ့ အစိတ်အပိုင်း ပြယုဂ်တစ်ခုအဖြစ် ရှိနေမှာပါပဲ။
စကြာဝဠာ အကြောင်းကိုသိလာတာနဲ့ အမျှ ကျွန်ုပ်တို့ နားမလည်နိုင်တဲ့ အတိုင်းအတာ ဟာ ဘယ်လောက် တောင် ကျန်သေးတယ်ဆိုတာ သိလာရတာပါ။ ဘ၀ အကြောင်းကိုသိလာရသလိုပေါ့။ ပိုသိလာလေလေ မသိသေးတာတွေ ပိုများလာလေလေပါပဲ။

(မိုဟွမ် ပြုစုသည်။)
မူရင်း ဆောင်းပါးရဲ့ link ကဒါလေးပါ။ http://viewzone2.com/MbkkY/OfcZK/milkyway.html

Reference အနေနဲ့ Wiki ကိုယူထားပါတယ်။ Link ကဒီမှာပါ။ http://en.wikipedia.org/wiki/Sagittarius_Dwarf_Elliptical_Galaxy
http://en.wikipedia.org/wiki/Solar_cycle_22

No comments: