ဆရာနျူမာန် –ရေးသားပြုစုသည်။
နောက်ဆက်တွဲ စာတမ်းများကို မဖတ်ခင် အောက်ပါသတိပေးချက်ကို အလျင်ဖတ်ပါ။
စာရေးသူ၏အမှာ
၂၀၀၉ ဇန်န၀ါရီလ ၄ ရက်နေ့တွင် Histry Channel မှနေ၍ NOSTRADAMUS: 2012 အမည်ရှိသော သတင်းမှတ်တမ်း ပညာပေးရုပ်မြင်သံကြားအစီအစဉ် Documentary တစ်ခုကို တင်ပြထုတ်လွှင့် သွားပါသည်။ ယခုလည်း နောက်ထပ်တစ်ကြိမ် ထပ်လွှင့်နေလျှက်ရှိပါသည်။ စာဖတ်သူများအနေဖြင့် ထိုသတင်းပညာပေးရုပ်ရှင်ကို အချိန်ရပါက ကြည့်ရှုရန် အကြံပြုပါသည်။
နက္ခတ္တဝေဒပညာကို တစ်ဘက်က သုတေသနပြုရင်း၊ တစ်ဘက်တွင် အိန္ဒိယ၊ ပေါ်တူဂီ၊ ဘရာဇီး၊ ပြင်သစ်နှင့် အမေရိကန်မှ ဗေဒင်ပညာရှင်၊ ၀ါသနာရှင် မိတ်ဆွေများနှင့် ပညာပေးဆွေးနွေး ဖြန့်ဖြူးနေရင်း၊ စာရေးဝါသနာပါသူတစ်ဦးအနေဖြင့် ဤကိစ္စကို လအတော်ကြာကပင် လေ့လာမိခဲ့သည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကို ချင့်ချိန်၍ မရေးဖြစ်ခဲ့။ သို့သော်လည်း မိတ်ဆွေများ၊ မိသားစုဝင်များကပါ မေးမြန်းစုံစမ်းလာကြသဖြင့် ဤစာကို ရေးဖြစ်ရခြင်းဖြစ်သည်။
မရေးဖြစ်သည့်အကြောင်းက အချို့သော အစိုးရိမ်လွန်သည့် သူများက ဤစာကို တစ်ပိုင်းတစ်စနားလည်ကာ ၄င်းတို့ထင်သလို ဆွဲတွေးပြီး စိုးရိမ်သွားနိုင်သလို၊ တစ်ဘက်ကလည်း ပေါ့ပေါ့တန်တန် သဘောထားသူတွေက မိမိတို့ထင်သလို တစ်ပိုင်းတစ်စ ဆွဲယူသွားနိုင်၍လည်း ဖြစ်ပါသည်။
မိမိရေးသားသော စာပေသည် အခြားသူများအတွက် အတတ်ပညာ အသိပညာအားဖြင့်သော်လည်းကောင်း၊ လောကီ၊ လောကုတ္တရာအားဖြင့်သော်လည်းကောင်း အကျိုးမဲ့ဖြစ်စေလျှင်ဖြစ်စေ၊ စာပါအကြောင်းအရာများသည် မိမိကိုယ်တိုင်အားဖြင့် မမှန်ကန်ကြောင်းသိထားလျှက် ငွေကြေးအကျိုးအမြတ်ကို မျှော်ကိုး၍ အများသူငါတို့၏ အသိဥာဏ်ကို မှိုင်းဝေစေသောစာမျိုး ဖြစ်စေလျှင် ဤစာမျိုးကို မရေးသားအပ်ပါ။
ထို့အပြင် အခြားသူတို့အား အကြောက်တရားများ ဖြစ်စေနိုင်သည့် စာမျိုးကို ရေးသားရန် မသင့်သလို၊ ဖြစ်လာနိုင်သည့် ဖြစ်ရပ်တို့ကို ကာကွယ်မှုပြုလုပ်နိုင်ခြင်းမှ ပေါ့လျော့စေရန် သရော်မော်ကားဖြင့် လမ်းလွှဲပေးသော စာမျိုးကိုလည်း မရေးအပ်ပါ။ သို့သော်လည်း မိမိရေးသားသော စာပေသည် နားလည်သော ဆင်ခြင်နိုင်သော သူတို့အတွက် အကျိုးရှိစေမည်၊ ထိုသူတို့ မသိသေးသောအကြောင်းအချက်များကို ဖြန့်စေခြင်းဖြင့် စာကိုဖတ်မိသူတို့တွင် ပစ္စပ္ပုန်အကျိုး၊ သံသရာအကျိုး ရှိစေနိုင်မည်ဆိုလျှင် ထိုသို့သော စာဖတ်ပရိဿတ်တို့ကို ရည်ရွယ်၍ ရေးသားဖြင်းသည် အကျိုးမဲ့သော စာပေမျိုး မဖြစ်နိုင်ပါ။
ယခုစာတမ်းသည် သိပ်မကြာတော့သည့် အချိန်ကာလတစ်ခုတွင် စကြ၀ဠာပိုင်းဆိုင်ရာ အပြောင်းအလဲ အခြေအနေတို့ကို ထုတ်ဖေါ်စုဆောင်းတင်ပြထားခြင်းဖြစ်သည်။ ဘက်စုံထောင့်စုံ သုံးသပ်ပေးထားသည်။ ဖြစ်နိုင်သည်၊ မဖြစ်နိုင်ဆိုသော အချက်ကို မိမိဥာဏ်ဖြင့်သာ ဆင်ခြင်စေလိုပါသည်။
ပညာရှင်အချို့က ၂၀၁၂ တွင်စကြာဝဠာဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်လာနိုင်သည်ဟု ပြောသည်ကို အကြောင်းပြု၍
တဖန် ၂၀၁၂ တွင် ဘာမျှ မဖြစ်နိုင်ဟု ပြောသူများဘက်တွင်
အချို့က မိမိ၏ သက်ဆိုင်ရာ အဖွဲ့အစည်းဘက်မှနေ၍ ကာကွယ်ဖုံးအုပ် ငြင်းဆိုနေကြသည်။
အချို့က မျက်စိပိတ်၊ လက်မခံငြင်းကန်သည်။
အချို့က သတင်းအမှောင်ချ ငြင်းကွယ်ထားသော အဖွဲ့အစည်းများ၏ စကားတို့ကိုသာ ကိုးကားလျှက် မိမိကိုယ်တိုင် သိနားလည်အောင် မကြိုးစားဘဲ ဘာဆို ဘာမှ မဖြစ်နိုင်ဟု ငြင်းဆိုကြ၊ သတင်းဖြန့်နေကြပြန်သည်။
အချို့ကမူ "၂၀၁၂ ကိစ္စသည် အပျော်တမ်း Amateur ၀ါသနာရှင် နက္ခတ္တပညာရှင်တို့က ပြောသောစကားဖြစ်၍၊ ကမ္ဘာ အသိအမှတ်ပြုထားသော အဖွဲ့အစည်းများ၏ ပြောဆိုချက်မဟုတ်၊ Professional ပညာရှင်များ ပြောသည်သာ အမှန်ဖြစ်သည်"ဟု ယူဆပြောဆိုကြသည်။
ဤနေရာတွင် စာရေးသူအနေဖြင့် တင်ပြလိုသည်မှာ အကြောင်းအရာကိစ္စတစ်ခုတွင် အပျော်တမ်း Amateur ၀ါသနာရှင်ပညာရှင်များပြောသည်ကို ယုံကြည်စရာမလိုသလို၊ ပယ်ရှားရန်လည်း မသင့်ပါ။ မိမိနည်း မိမိဟန်ဖြင့် သိအောင် ထပ်မံလေ့လာဖို့ လိုပါသည်။ ထို့နည်းတူပင် Professional ပညာရှင်များပြောသည်ဆို၍လည်း မျက်စိမှိတ် မယုံသင့်ပါ။
စဉ်းစားကြည့်ရန်မှာ အပျော်တမ်းပညာရှင် Amateur ဆိုသည်မှာ ဘာကို ဆိုသနည်းဟု မေးစရာရှိလာသည်။ Professional ပညာရှင်များက ပြောမှသာ အမှန်ဖြစ်ပါသလား
အဆိုပြုသူတို့ဘက်မှ ဖြစ်နိုင်စရာ အခြေအနေများ၊ မဖြစ်နိုင်သော အခြေအနေများ၊ ငြင်းဆိုသူတို့ဘက်မှ ကြောင်းကျိုးဆီလျော်သော ငြင်းဆိုချက်များ၊ တစ်ဝက်မှား တစ်ဝက်မှန် ဖြောင့်ကွယ် ငြင်းဆိုချက်များကို ဤဆောင်းပါးတွင် ဘက်ပေါင်းစုံမှ တင်ပြထားပါသည်။ ချင့်ချိန်ရန်မှာ စာဖတ်သူ၏ တာဝန်သာ ဖြစ်ပါသည်။
(ကျန်ရှိသော အပိုင်းများအတွက်- MM Astrology မှ ထုတ်ဝေသော Iphone, Google Apps တွင် ဆက်လက် လေ့လာနိုင်ပါသည်။)
- အကယ်၍ သင်သည် အစိုးရိမ် လွန်ကဲတတ်သူဖြစ်လျှင် ...
- အကယ်၍ သင်သည် ကိုးကွယ်ယုံကြည်ရာ ဘာသာရေး အားကိုးမှုနည်းပါးနေသူဖြစ်လျှင် ...
- အကယ်၍ သင်သည် ကြောင်းကျိုးတရား၊ ကံ-ကံ၏အကျိုးတရားတို့ကို ဆင်ခြင်ဆက်စပ်သုံးသပ်တတ်သူ တစ်ယောက်မဟုတ်လျှင် ...
ဤဆောင်းပါးကို ရှေ့ဆက် မဖတ်ပါနှင့် ဖတ်မည်ဆိုပါကလည်း ပြီးပြည့်စုံအောင်ဖတ်ပါ။
စာရေးသူ၏အမှာ
၂၀၀၉ ဇန်န၀ါရီလ ၄ ရက်နေ့တွင် Histry Channel မှနေ၍ NOSTRADAMUS: 2012 အမည်ရှိသော သတင်းမှတ်တမ်း ပညာပေးရုပ်မြင်သံကြားအစီအစဉ် Documentary တစ်ခုကို တင်ပြထုတ်လွှင့် သွားပါသည်။ ယခုလည်း နောက်ထပ်တစ်ကြိမ် ထပ်လွှင့်နေလျှက်ရှိပါသည်။ စာဖတ်သူများအနေဖြင့် ထိုသတင်းပညာပေးရုပ်ရှင်ကို အချိန်ရပါက ကြည့်ရှုရန် အကြံပြုပါသည်။
နက္ခတ္တဝေဒပညာကို တစ်ဘက်က သုတေသနပြုရင်း၊ တစ်ဘက်တွင် အိန္ဒိယ၊ ပေါ်တူဂီ၊ ဘရာဇီး၊ ပြင်သစ်နှင့် အမေရိကန်မှ ဗေဒင်ပညာရှင်၊ ၀ါသနာရှင် မိတ်ဆွေများနှင့် ပညာပေးဆွေးနွေး ဖြန့်ဖြူးနေရင်း၊ စာရေးဝါသနာပါသူတစ်ဦးအနေဖြင့် ဤကိစ္စကို လအတော်ကြာကပင် လေ့လာမိခဲ့သည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကို ချင့်ချိန်၍ မရေးဖြစ်ခဲ့။ သို့သော်လည်း မိတ်ဆွေများ၊ မိသားစုဝင်များကပါ မေးမြန်းစုံစမ်းလာကြသဖြင့် ဤစာကို ရေးဖြစ်ရခြင်းဖြစ်သည်။
မရေးဖြစ်သည့်အကြောင်းက အချို့သော အစိုးရိမ်လွန်သည့် သူများက ဤစာကို တစ်ပိုင်းတစ်စနားလည်ကာ ၄င်းတို့ထင်သလို ဆွဲတွေးပြီး စိုးရိမ်သွားနိုင်သလို၊ တစ်ဘက်ကလည်း ပေါ့ပေါ့တန်တန် သဘောထားသူတွေက မိမိတို့ထင်သလို တစ်ပိုင်းတစ်စ ဆွဲယူသွားနိုင်၍လည်း ဖြစ်ပါသည်။
မိမိရေးသားသော စာပေသည် အခြားသူများအတွက် အတတ်ပညာ အသိပညာအားဖြင့်သော်လည်းကောင်း၊ လောကီ၊ လောကုတ္တရာအားဖြင့်သော်လည်းကောင်း အကျိုးမဲ့ဖြစ်စေလျှင်ဖြစ်စေ၊ စာပါအကြောင်းအရာများသည် မိမိကိုယ်တိုင်အားဖြင့် မမှန်ကန်ကြောင်းသိထားလျှက် ငွေကြေးအကျိုးအမြတ်ကို မျှော်ကိုး၍ အများသူငါတို့၏ အသိဥာဏ်ကို မှိုင်းဝေစေသောစာမျိုး ဖြစ်စေလျှင် ဤစာမျိုးကို မရေးသားအပ်ပါ။
ထို့အပြင် အခြားသူတို့အား အကြောက်တရားများ ဖြစ်စေနိုင်သည့် စာမျိုးကို ရေးသားရန် မသင့်သလို၊ ဖြစ်လာနိုင်သည့် ဖြစ်ရပ်တို့ကို ကာကွယ်မှုပြုလုပ်နိုင်ခြင်းမှ ပေါ့လျော့စေရန် သရော်မော်ကားဖြင့် လမ်းလွှဲပေးသော စာမျိုးကိုလည်း မရေးအပ်ပါ။ သို့သော်လည်း မိမိရေးသားသော စာပေသည် နားလည်သော ဆင်ခြင်နိုင်သော သူတို့အတွက် အကျိုးရှိစေမည်၊ ထိုသူတို့ မသိသေးသောအကြောင်းအချက်များကို ဖြန့်စေခြင်းဖြင့် စာကိုဖတ်မိသူတို့တွင် ပစ္စပ္ပုန်အကျိုး၊ သံသရာအကျိုး ရှိစေနိုင်မည်ဆိုလျှင် ထိုသို့သော စာဖတ်ပရိဿတ်တို့ကို ရည်ရွယ်၍ ရေးသားဖြင်းသည် အကျိုးမဲ့သော စာပေမျိုး မဖြစ်နိုင်ပါ။
ယခုစာတမ်းသည် သိပ်မကြာတော့သည့် အချိန်ကာလတစ်ခုတွင် စကြ၀ဠာပိုင်းဆိုင်ရာ အပြောင်းအလဲ အခြေအနေတို့ကို ထုတ်ဖေါ်စုဆောင်းတင်ပြထားခြင်းဖြစ်သည်။ ဘက်စုံထောင့်စုံ သုံးသပ်ပေးထားသည်။ ဖြစ်နိုင်သည်၊ မဖြစ်နိုင်ဆိုသော အချက်ကို မိမိဥာဏ်ဖြင့်သာ ဆင်ခြင်စေလိုပါသည်။
စာရေးသူ- နျူမာန်(မိုးတား)
အချေအတင် ဆွေးနွေးနေမှုများ
ပညာရှင်အချို့က ၂၀၁၂ တွင်စကြာဝဠာဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်လာနိုင်သည်ဟု ပြောသည်ကို အကြောင်းပြု၍
- အချို့က ၂၀၁၂ တွင် ကမ္ဘာကြီးပျက်မည်ဟူသော စကားကို အခြေအမြစ်အတိအကျမရှိဘဲ ပြောဆိုနေကြသည်။
- အချို့က ထိုကိစ္စကို မိမိကိုယ်ကျိုးစီးပွားရေးအတွက် ပြောဆိုနေကြသည်။
- အချို့က အခြားသူများကို စိတ်ခြောက်ခြားမှုဖြစ်စေရန် ခြောက်လှန့်စကားအနေဖြင့် ပြောနေကြပြန်သည်။
- အချို့က စကြာဝဠာဆိုင်ရာပြောင်းလဲမှုများကို သူတို့ကြားဖူးသမျှသော ရှေးဟောင်းလူမျိုးတို့၏ စာပေ၊ တရုတ် အိုင်ချင်း၊ ဟိန္ဒူကလိယုဂ၊ ဗုဒ္ဓဘာသာ စသည်တို့ကိုပါ ရေပြွမ်းလျှက် မိမိတို့တင်ပြသော စကားကို ခိုင်မာစေရန် မရမက ဆွဲယူပြောနေကြ၏။
တဖန် ၂၀၁၂ တွင် ဘာမျှ မဖြစ်နိုင်ဟု ပြောသူများဘက်တွင်
အချို့က မိမိ၏ သက်ဆိုင်ရာ အဖွဲ့အစည်းဘက်မှနေ၍ ကာကွယ်ဖုံးအုပ် ငြင်းဆိုနေကြသည်။
အချို့က မျက်စိပိတ်၊ လက်မခံငြင်းကန်သည်။
အချို့က သတင်းအမှောင်ချ ငြင်းကွယ်ထားသော အဖွဲ့အစည်းများ၏ စကားတို့ကိုသာ ကိုးကားလျှက် မိမိကိုယ်တိုင် သိနားလည်အောင် မကြိုးစားဘဲ ဘာဆို ဘာမှ မဖြစ်နိုင်ဟု ငြင်းဆိုကြ၊ သတင်းဖြန့်နေကြပြန်သည်။
အချို့ကမူ "၂၀၁၂ ကိစ္စသည် အပျော်တမ်း Amateur ၀ါသနာရှင် နက္ခတ္တပညာရှင်တို့က ပြောသောစကားဖြစ်၍၊ ကမ္ဘာ အသိအမှတ်ပြုထားသော အဖွဲ့အစည်းများ၏ ပြောဆိုချက်မဟုတ်၊ Professional ပညာရှင်များ ပြောသည်သာ အမှန်ဖြစ်သည်"ဟု ယူဆပြောဆိုကြသည်။
ဤနေရာတွင် စာရေးသူအနေဖြင့် တင်ပြလိုသည်မှာ အကြောင်းအရာကိစ္စတစ်ခုတွင် အပျော်တမ်း Amateur ၀ါသနာရှင်ပညာရှင်များပြောသည်ကို ယုံကြည်စရာမလိုသလို၊ ပယ်ရှားရန်လည်း မသင့်ပါ။ မိမိနည်း မိမိဟန်ဖြင့် သိအောင် ထပ်မံလေ့လာဖို့ လိုပါသည်။ ထို့နည်းတူပင် Professional ပညာရှင်များပြောသည်ဆို၍လည်း မျက်စိမှိတ် မယုံသင့်ပါ။
စဉ်းစားကြည့်ရန်မှာ အပျော်တမ်းပညာရှင် Amateur ဆိုသည်မှာ ဘာကို ဆိုသနည်းဟု မေးစရာရှိလာသည်။ Professional ပညာရှင်များက ပြောမှသာ အမှန်ဖြစ်ပါသလား
- အိုင်စတိုင်းသည် ကမ္ဘာက အသိအမှတ်မပြုသေးခင်က အပျော်တမ်းပညာရှင်သာ ဖြစ်ခဲ့သည်။ တယ်လီဖုန်း ကြေးနန်းစာရေးအဖြစ် အလုပ်လုပ်နေရင်း ကမ္ဘာကျော် Relativity Theory ကို ဖေါ်ထုတ်သွားသည်။ ထိုစဉ်က သူသည် မည်သည့် သိပ္ပံပညာအဖွဲ့အစည်း၏ လစာ ထောက်ပံ့မှုကိုမျှ ရယူထားခဲ့ခြင်းမရှိ၊ မည်သည့်ရာထူးမျှ မရှိ၊ ထိုမျှမက သူ၏ သီအိုရီကို စတင်ရေးသားစဉ်က ထိုစဉ်က နာမည်ကြီး Professional သိပ္ပံပညာရှင်များက ဆန့်ကျင်ခဲ့ကြသည်။
- အရာဝတ္တုတို့၏ ရွေ့လျှားမှု ကမ္ဘာ့ဆွဲအားကို တွေ့ရှိခဲ့သူ ဆာ အိုင်းဇက် နယူတန်သည် သူ၏တွေ့ရှိချက်ကို ကြေငြာစဉ်က ကမ္ဘာက အသိအမှတ်ပြုထားသော ပညာရှင်မဟုတ်သေး၊ အပျော်တမ်း ပညာရှင်သာဖြစ်သည်။
- လေယာဉ်ကို တီထွင်ဆောင်လုပ်ခဲ့ကြသော ရိုက်ညီနောင်တို့သည် စက်ဘီးဆိုင်အလုပ်လုပ်သူများဖြစ်၍ လေကြောင်းပညာ လေယာဉ်တည်ဆောက်သော ပညာများကို လေယာဉ်ကုမ္ပဏီကြီးများတွင် သူတေသနပြုနေသော Professional များ မဟုတ်ခဲ့ကြပါ။
- အထက်တွင် ဖေါ်ပြခဲ့သော ဂျော်ဒန် နို ဘရူနို၊ ဂယ်လီလီယိုတို့သည်လည်း သူတို့၏ တွေ့ရှိချက်များ ဖေါ်ထုတ်ခဲ့စဉ်က အသိအမှတ်ပြုထားသော အဖွဲ့အစည်းများ၏ ၀န်ထမ်းများ မဟုတ်ခဲ့ကြပါ။ အပျော်တမ်းပညာရှင် စာရင်းသွင်းရမည်သာဖြစ်သည်။
- ထိုနည်းတူ ကမ္ဘာ့သိပ္ပံသမိုင်း တီထွင်မှုသမိုင်း တို့ကိုကြည့်ပါက ကမ္ဘာတွင် အသစ်သစ်သော ထူးခြားသည့် တွေ့ရှိချက်များကို ဖေါ်ထုတ်နိုင်သူ အားလုံးနီးပါးသည် အပျော်တမ်း ပညာရှင်များဖြစ်နေခဲ့သည်ကို တွေ့ရသည်။
- Professional ပညာရှင်များအဖြစ် အသိအမှတ်ပြုထားသော အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် မိမိ၏ အဖွဲ့အစည်းများ၏ ဦးတည်ချက်ကို အဓိကထားထမ်းဆောင်ရမည်သာ ဖြစ်ပြီး၊ ၄င်းရည်ရွယ်ချက်အား လွဲချော်သွားစေမည့် တွေ့ရှိချက်များကို ကြေညာခြင်း မတတ်နိုင်ပါ။ ဥပမာအားဖြင့် အဖွဲ့အစည်း၏ ရည်ရွယ်ချက်သည် ငွေကြေး အကျိုးအမြတ်ကိစ္စဖြစ်ပါက မိမိ၏ တွေ့ရှိချက်သည် လူသားတို့အနေဖြင့် ပိုက်ဆံမကုန်ဘဲ အိမ်ရှိပစ္စည်းဖြင့် ရောဂါပျောက်နိုင်သော ဆေးဝါးမျိုးဖြစ်ပါက ထိုတွေ့ရှိချက်ကို တရားဝင် ကြေညာမည့်အစား၊ ထိုဆေးကို ပုံဖျက်၍ အဆင့်မြင့်သယောင်ဖြင့် မူပိုင်ပြီး ဈေးကြီးစွာဖြင့် ရေင်းချနိုင်ရန် လုပ်မည်သာဖြစ်သည်။ ထိုနည်းတူ စစ်ရေး၊ နိုင်ငံရေးတို့တွင်လည်း ဤပုံစံသာ ဖြစ်သည်။
- Professional ပညာရှင်များ အနေဖြင့် မိမိတို့ ရယူထားသော ရာထူး၊ လစာ၊ ဂုဏ်သိက္ခာတို့ကို မပျောက်ပျက် မဆုံးရှုံးရစေရန် ကာကွယ်ရခြင်းမှာ ပုဂ္ဂိုလ်ရေး၊ မိသားစုရေးအတွက် တာဝန်ဖြစ်နေချိန်၌ အပျော်တမ်းဝါသနာရှင် ပညာရှင်များသည် မိမိတို့ စိတ်ဝင်စားရာ ၀ါသနာပါရာကို ပို၍ လုပ်ဖြစ်တတ်ကြပါသည်။ သို့သော်လည်း တာဝန်မဲ့သော အပျော်တမ်းဝါသနာရှင်များလည်း ရှိတတ်သောကြောင့် မည်သည့်ကိစ္စကို မဆို ကိုယ်တိုင်သုံးသပ် လေ့လာမှုသာ အဓိကကျပါသည်။
အဆိုပြုသူတို့ဘက်မှ ဖြစ်နိုင်စရာ အခြေအနေများ၊ မဖြစ်နိုင်သော အခြေအနေများ၊ ငြင်းဆိုသူတို့ဘက်မှ ကြောင်းကျိုးဆီလျော်သော ငြင်းဆိုချက်များ၊ တစ်ဝက်မှား တစ်ဝက်မှန် ဖြောင့်ကွယ် ငြင်းဆိုချက်များကို ဤဆောင်းပါးတွင် ဘက်ပေါင်းစုံမှ တင်ပြထားပါသည်။ ချင့်ချိန်ရန်မှာ စာဖတ်သူ၏ တာဝန်သာ ဖြစ်ပါသည်။
(ကျန်ရှိသော အပိုင်းများအတွက်- MM Astrology မှ ထုတ်ဝေသော Iphone, Google Apps တွင် ဆက်လက် လေ့လာနိုင်ပါသည်။)
No comments:
Post a Comment